ကိုရီးယားခရီးစဉ်
ဆိုးလ်-ဂျယ်ဂျူ-ဘူဆန်-ဆိုးရတ်တောင်-အဲဗားလန်း-နာမိကျွန်း
(၇ရက် ၆ည)
(၇ရက် ၆ည)
Day 01: ရန်ကုန်-ဆိုးလ်-ဂျယ်ဂျူ (-/L/D)
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ပျံသန်းချိန် (၀၅:၃၀) နာရီခန့်စီးနင်းပြီး ကိုရီးယားနိုင်ငံရှိ အင်ချွန်းလေဆိပ် သို့ ရောက်ရှိပါမည်။
- အင်ချွန်းလေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် Gimpo ပြည်တွင်းလေဆိပ်မှ တဆင့် သာယာလှပသော ဂျယ်ဂျူကျွန်းသို့ ခရီးဆက်ပါမည်။
- ဂျယ်ဂျူကျွန်းရှိ ကားများအလိုလိုရွေ့လျားသော Mysterious Road ၊ ချစ်စဖွယ် Teddy အရုပ်ကလေးများအား အရွယ်အစားအစုံ ပုံစံမျိုးစုံဖြင့် တွေ့မြင်နိုင်သော Teddy Bear Safari သို့ သွားရောက်၍ ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။
- ထို့နောက် နေ့လည်စာကို Grilled Fish Set ဖြင့် မြိန်ရှက်စွာသုံးဆောင်ပြီး သာယာလှပသော ပင်လယ်ပြင်အား ကြည့်ရှုခံစားနိုင်မည့် Jusangjeolli ၊ ကောင်းကင်နှင့် ဆက်စပ်နေသည့် နေရာဟု ဆိုသော Cheonjiyeon Water Fall စသည့် နေရာများသို့ သွားရောက်လည်ပတ်ပါမည်။
- ညနေခင်းမှာတော့ Jeju Black Pork BBQ ဖြင့် အရသာရှိစွာ သုံးဆောင်ပြီး ဂျယ်ဂျူကျွန်းရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
Mysterious Road
Teddy Bear Safari
Grilled Fish Set
Jusangjeolli
Cheonjiyeon Water Fall
Jeju Black Pork BBQ
Day 02: ဂျယ်ဂျူ (B/L/D)
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဒုတိယနေ့ လည်ပတ်မှုကိုစတင်ပါမည်။
- ဂျယ်ဂျူကျွန်းရှိ Seaweed Museum, အမြင်အာရုံကို လှည့်စားနိုင်သည့် 3D ပန်းချီကား လက်ရာများရှိရာ Trick Eye Museum, ရှေးခေတ် ကိုရီးယားလူမျိုးတို့၏ ရိုးရာအိမ်ငယ်လေးရှိရာ Seongeup Folk Village စသည့်နေရာများသို့ လည်ပတ်ကြည့်ရှုပြီး နေ့လည်စာကို Seafood Steam Boat soup ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပါမည်။
- ထို့နောက် ဂျယ်ဂျူကျွန်း၏ နေထွက်ချိန်နှင့် နေဝင်ဆည်းဆာအလှကို ကြည့်ရှုရာ Seopjicoji, Seongsan Sunrise Peak သို့ သွားရောက်ပြီး သာယာလှပသော ရှုမျှော်ခင်းများကို ကြည့်ရှုခံစားပါမည်။
- ဆက်လက်ပြီး ရေငုပ်သဘောၤငယ်ဖြင့် ပင်လယ်ရေအောက် သတ္တဝါလေးများအား စိတ်ဝင်စားဖွယ် လေ့လာကြည့်ရှုပါမည်။
- ညစာကို Stir-Fried Pockဖြင့် သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။
Seaweed Museum
Trick Eye
Seongeup Folk Villge
Seopjicoji
Seongeup Sunrise Peak
Submarine Experience
Day 03: ဂျယ်ဂျူ – ဘူဆန် (B/L/D)
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Jeju အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တဆင့် Busan ြမို့ သို့ (၁)နာရီကြာ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာပါမည်။
- ဘူဆန်မြို့ရှိ PIFF Square, Nampodong Market, Jagalchi Fish Market စသည်တို့တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်မည်။
- နေ့လည်စာကို Jagalchi seafood buffet ဖြင့် စိတ်ကြိုက်သုံးဆောင်ပြီး APEC Leader’s များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရာ APEC House သို့ ဆက်လက် လည်ပတ်ပါမည်။
- ထို့နောက် ပင်လယ်ကမ်းစပ်ရှိ ကျောက်ဆောင်ပေါ်တွင် တည်ရှိသော Haewundae Yonggungsa Temple သို့ သွားရောက်လေ့လာပါမည်
- ညစာကို Stir-Fried Pockဖြင့် သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။
PIFF Square
Nampodong Market
Jagalchi Fish Market
Jagalchi seafood buffet
APEC House
Haewundae Yonggungsa Temple
Day 04: ဆိုးလ်-ဆိုးရတ်တောင် (B/L/D)
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Gimhae လေဆိပ်မှတဆင့် Gimpo လေဆိပ်သို့ ပြည်တွင်းလေကြောင်းဖြင့် ထွက်ခွာပါမည်။
- ထို့နောက် တောင်ကိုရီးယားနိုင်ငံ၏ တတိယ အကြီးဆုံးတောင် ဖြစ်ပြီး သာယာလှပသော ရှုခင်းများအား ကြည့်ရှုခံစားနိုင်မည့် Tourist Attraction Site တစ်ခုသော Mt.Seorak National Park သို့ သွားရောက်လည်ပတ်ပါမည်။
- နေ့လည်စာကို Korea Set Menu ဖြင့်မြိန်ရှက်စွာသုံးဆောင်ပြီး Ganwon နယ်မြို့လေးသို့ ထွက်ခွာပါမည်။
- Ganwon မြို့လေးသို့ ရောက်ရှိသောအခါ Soysauce Chicken ဖြင့် ညစာကို မြိန်ရှက်စွာသုံးဆောင်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
Mt.Seorak National Park
Cable Car
Kwonkeumsung fortress
Sinheungsa Temple
Ganwon
Soysauce Chicken
Day 05: ဆိုးလ်- နာမိကျွန်း-အဲဗားလန်း(B/L/D)
- ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနာမည်ကျော် “ဟေမာန်ဆောင်း၏ချစ်သံစဉ်”ရုပ်ရှင်ကား ရိုက်ကူးခဲ့ရာ သာယာလှပသော နာမိကျွန်း သို့ သွားရောက်လည်ပတ်ပြီး သဘာဝအလှအပများကို ကြည့်ရှုခံစားပါမည်။
- ထို့နောက် နေ့လည်စာကို Spicy Chicken BBQ ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပြီး ကိုရီးယားနိုင်ငံ၏ နာမည်ကျော် Outdoor Theme Park တစ်ခုဖြစ်သော Everland Theme Park & Safari တွင် ပျော်ရွှင်စရာ ကစားနည်းမျိုးစုံဖြင့် ဆော့ကစား လည်ပတ်ကြပါမည်။
- ညစာကို Everland Coupon ဖြင့် သုံးဆောင်ပြီး Seoul မြို့ရှိ ဟိုတယ်သို့ ပြန်လည် အိပ်စက်အနားယူပါမည်။
Nami Island
Everland Theme Park & Safari
Day 6: ဆိုးလ် (B/L/D)
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကိုရီးယားလူမျိုးများ၏ သက်ရှည်ဆေးပင်ဟု ခေါ်ဆိုနိုင်သော အဖိုးတန် ဂျင်ဆင်းဆေးမြစ်များ ပြသရောင်းချရာ Ginseng Showroom ၊ နာမည်ကျော် ကိုရီးယား Cosmetic Shop စသည့်နေရာများအား ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပြီး ကိုရီးယားလူမျိုးတို့တန်ဖိုးထားမြတ်နိုးသော ခရမ်းစွဲကျောက်ဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာပစ္စည်းများ ရောင်းချရာ Amethyst Factory သို့ သွားရောက်လေ့လာပါမည်။
- ထို့နောက် နေ့လည်စာကို Spicy Chicken BBQ ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပြီး ကိုရီးယားနိုင်ငံ၏ နာမည်ကျော် Outdoor Theme Park တစ်ခုဖြစ်သော Everland Theme Park & Safari တွင် ပျော်ရွှင်စရာ ကစားနည်းမျိုးစုံဖြင့် ဆော့ကစား လည်ပတ်ကြပါမည်။
- နေ့လည်စာကို Chinese Noodle Set ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပြီး ကိုရီးယားသမ္မတ နေထိုင်ရာ အိမ်ပြာတော်၊ ကိုရီးယားနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သော ဂျိုဆွန်းမင်းဆက်၏ ယဉ်ကျေးမှု အစဉ်အလာများကျန်ရှိရာ Gyongbok Palace စသည့်နေရာများကို စိတ်ဝင်စားစွာ လိုက်လံကြည့်ရှုပါမည်။
- ထို့နောက် Duty Free ၊ Myeongdong (or) Dongdaemun Shopping Street တို့တွင် မိမိစိတ်ကြိုက် ပျော်ရွှင်လွတ်လပ်စွာ ဈေးဝယ်ထွက်ပါမည်။
- ညစာကို Budaejjigae(Sausage Soup) ဖြင့် အရသာရှိစွာ သုံးဆောင်ပြီး Seoul မြို့ရှိ ဟိုတယ်သို့ ပြန်လည်အိပ်စက် အနားယူပါမည်။
Ginseng Showroom
Cosmetic Shop
Amethyst Factory
Presidential Blue House
Gyongbok Palace
Duty Free
Myeongdong Shopping Street
Dongdaemun Shopping Street
Day 7: ဆိုးလ် – ရန်ကုန်
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဆေးစွမ်းထက်လှသော ကိုရီးယားနိုင်ငံထုတ် အသည်းရောဂါဆေးဝါးများ ရှင်းလင်းပြောပြရောင်းချရာ Liver Health Center သို့ သွားရောက်လေ့လာပါမည်။
- ထို့နောက် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။
JLiver Health Center
Incheon International Airport
back to home sweet home
ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုများ
- လေယာဉ်လက်မှတ် (ရန်ကုန်-ကိုရီးယား-ရန်ကုန်)
- ပြည်တွင်းလေယာဉ်လက်မှတ် (ဆိုးလ်-ဂျယ်ဂျူ-ဘူဆန်-ဆိုးလ်)
- Visa Service နှင့် Visa Fees များ
- ခရီးစဉ်တစ်လျောက် Air-con car အကြိုအပို့
- နေ့စဉ်အတွက် သောက်ရေသန့်
- ခရီးစဉ်တွင် ဖော်ပြထားသောနံနက်စာ၊နေ့လည်စာ နှင့် ညစာ
- ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများ
- 3-4 star အဆင့်ရှိဟိုတယ်များတွင် တည်းခိုခွင့်များ
- Tour Leader နှင့် English Speaking Guide ဝန်ဆောင်မှု
ခရီးစဉ်တွင်မပါဝင်သော ဝန်ဆောင်မှုများ
- ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသောအအေး နှင့် အဖျော်ယမကာ
- ဟိုတယ်တွင် သုံးစွဲသောရေသန့်၊အအေး၊ အဖျော်ယမကာစသည့် Mini Bar အသုံးပြုခ၊ အဝတ်လျှော်ခနှင့် ဖုန်းသုံးစွဲမှု
- လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခ
“အထူးအစီအစဉ်အနေဖြင့် ခရီးဆောင်အိတ်များအား မေတ္တာလက်ဆောင် ပေးမည်ဖြစ်ပါသည်။”




